နောက်တစ်မျိုးကတော့အာလူးကို မုန်လာဥချဉ်၊ ကြက်သွန်နီဥ ချဉ်တို့ နဲ့ ကြော်တာပါဘဲ။ မြန်မာနိုင်ငံတုန်းကတော့ အဲလိုကြော်စားရင် တရုတ်ပဲပင်ပေါက် ပါရောထည့်ပါတယ်။
ခုတော့ အလွယ်တကူ မဝယ်ထားတဲ့အတွက် မထည့်ရပါဘူး။ အာလူးကို အခွံနွှာပြီး
ထက်ခြမ်းခြမ်းပါ။ပြီးရင် ခပ်ပါးပါးလှီးပါ။ရေနှင့်သေချာဆေးပြီး ဆား၊နနွင်းနယ်ပါ။
ကြက်သွန်နီ၊ ဖြူဆီသတ်ပါ။ အာလူးထည့်ပါ။ အာလူးနူးစေရန်ရေနွေးအနည်းငယ်ထည့်ပါ။
ပြီးရင် မုန်လာဥချဉ် (city mart မှာရှိပါတယ်။ မန်းညဈေးမှာလည်း ဝယ်လို့ ရပါတယ်။
မုန်လာဥဖြူကို အချောင်းလေးတွေလှီးပြီး မုန်ညင်းချဉ်အရသာမျိုးလုပ်ထားတာပါ။)၊ ကြက်သွန်နီဥချဉ်ထည့်ပါတယ်။ ဆားနည်းနည်းထည့်ပါ။
ချိုချဉ်ချဉ်လေးနဲ့ စားလို့ ကောင်းပါတယ်။ အသားလွတ်ပေါ့နော်။
ဝါတွင်းမှာ အသားရှောင်မဲ့သူတွေ၊ သားသတ်လွတ်စားချင်တဲ့ သူတွေအတွက်
အဆင်ပြေပါတယ်။ ဒီဟင်းမှာတော့ အာလူးအရွယ်အနေတော်(၂)လုံးကို
မုန်လာဥချဉ် ဟင်းစားဇွန်း (၂)ဇွန်းစာ၊ကြက်သွန်နီဥချဉ် (၁)ဇွန်းစာနဲ့ ချက်ထားပါတယ်ရှင်။
You and Everything Else - Kdrama review
1 week ago






3 comments:
တစ်ခါမှမစားဘူးဘူးရယ် လုပ်စားကြည့်ပါဦးမယ် နည်းမှတ်သွားပါတယ် ကျေးဇူးတင်ပါတယ်
အဆန်းဘဲ...တစ်ခါမှမစားဖူးဘူး
အိမ်မှာတော့ ရှမ်းချဉ်နဲ့အာလူးကြော်စားတယ်။ ရှမ်းချဉ်မရှိလဲ သံပရာသီးညစ်ပြီးကြော်တယ်။ ဒီရောက်ပြီး မကြော်စားဖြစ်ဘူး။ ကြက်သွန်ချဉ်လေးတောင်စားချင်လာပြီ။
Post a Comment