ကြက်သားကို ဒီအတိုင်းမစားချင်လို့ အမြဲတစ်ခုခုနဲ့ ရောချက်ဖြစ်ပါတယ်။
ခုလည်းကြက်သားတစ်ဘူးကို မျှစ်တစ်ထုတ်နဲ့ရောချက်ထားပါတယ်။
ကြက်သားကို ဆား၊နနွင်း၊ငြံပာရည်တို့နဲ့ နယ်ထားပါတယ်။ ကြက်သွန်နီဆီသတ်ပါတယ်။
ကြက်သွန်ဖြူ၊ဂျင်းရောထောင်းတာ ထည့်ပါတယ်။ အရောင်တင်ထည့်ပါတယ်။ ငါးပိနည်းနည်းထည့်ပါတယ်။ ကြက်သားထည့်ပြီးလုံးပါတယ်။ သူ့ရေနဲ့ သူကုန်သွားရင် ရေဆေးထားတဲ့မျှစ်ထည့်ပါမယ်။
(မျှစ်က ကျက်ပြီးသားမလို့ ပြန်မပြုတ်တော့ပါဘူး)ရေထပ်ထည့်ပါမယ်။
ကြက်သားလည်းနူး၊မျှစ်လည်းဝါးလို့ရပြီဆိုရင် ရေလည်ဆီလည်လေးမှာ ဟင်းအိုးချလို့ရပါပြီရှင်။ ငါးပိထောင်းစပ်စပ်လေးနဲ့လိုက်ဖက်ပါတယ်။
ငါးပိထောင်း
ရခိုင်ငါးပိကို ထမင်းစားဇွန်းနဲ့ ၁ဇွန်းကင်ပါတယ်။ ငရုတ်သီး(အစပ်စားနိုင်သလောက်)အရင်ထောင်းပါတယ်။ကြက်သွန်ဖြူထောင်းပြီး ငါးပိကင်ပါထည့်ပါတယ်။ဆီလေးဆမ်းပြီး သံပုရာရည်လေးညှစ် သုံးဆောင်ပါနော်။
You and Everything Else - Kdrama review
1 week ago






11 comments:
ဟားဟား ဒီကနေ့ပဲ ငါးပိထောင်းနဲ့ ထမင်းစားတယ်... မျှစ်နဲ့ ကြက်သားတော့မဟုတ်ဘူး... ချဉ်ပေါင်နဲ့ မျှစ် ရောချက်ပြီး ကြက်သားကို အကျွတ် ကြော်စားတာ...
(ပြန်ကြွားသွားသည်)
းဝ)
ငါးပိထောင်း စားချင်လိုက်တာ
ကိုလူထွေးပြောတဲ့ ချဉ်ပေါင်နဲ့မျှစ်လဲ စားချင်တယ်။
မမစုဘူးရေ ... မျှစ်မကြိုက်ဘူး ငါးပိလည်းမစားဘူး ဒီတခါတော့ကြက်သားတွေပဲနှိုက်စားသွားတယ် ဦးလူထွေးပြောတဲ့ ကြက်သားအကျွတ်ကြော်နဲ့ ချဉ်ပေါင်းဟင်းရည်စားချင်လိုက်တာ
ငါးပိထောင်းလေးစားချင်စိတ်ပေါက်သွားတယ်... မျှစ်ကဝက်သားနဲ့ဘဲချက်စားဖူးတယ်...
စားမယ်စားမယ်
ကြက်သားမျှစ်ချက်ကွယ်
ငါးပိထောင်လဲကြိုက်တယ်ကွယ်
အားလုံးစားမယ်ကွယ်။
ခင်တဲ့
ဂျာမုန်းဒန်
အဟီး.. ငါးပိထောင်းစားချင်တယ.်. ကြက်သားနဲ့ မျှစ်ကို တခါမှ မချက်ဖူးဘူး.. ကြက်သားနဲ့ ကညွှတ်ချက်စားတယ်.. တခါတလေ သူများ လက်ဆောင်ပေးလို့ ဗူးသီးရရင် ဗူးသီးနဲ့ ချက်စားဖြစ်တယ်.. ပြောရင်းတောင် စားချင်လာပြီနော်.. ငါးပိထောင်းနဲ့ တွဲစားရင်တကယ်လိုက်မှာ.. :)
စုဘူးပြောသလိုပဲ ကြက်သားဆို ဒီအတိုင်းကြီးမစားချင်ဘူး။ မျှစ်နဲ့အရောချက်တော့ စားသွားပြီနော်။ ငါးပိထောင်းတော့ ဒီက သိပ်မကြိုက်ရှာဘူး။ အကုန်စားသွားတယ်။
အခုတစ်လောမျှစ်အရမ်းစားချင်တာသိလား..
လတ်လတ်ဆတ်ဆတ်မရှိလို့ မစားရသေးဘူး.. ကြက်သားနဲ့မျှစ်မချက်စားဖူးပေမယ့်စားလို့ကောင်းမှာသေချာ တယ်။ ရခိုင်ငပိထောင်းလဲကြိုက်တယ်
ငပိ ထောင်း လိုချင်တယ်
ပေးပါ
မျှစ်ချဉ်နဲ့ ဆိတ်သား ချက်တယ်..ကောင်းမှကောင်းပဲ။
ငပိကောင်းကောင်းမရလို့ ထောင်းမစားဖြစ်ဘူး စုစုဗူးဗူးရယ်။
ဗျိုးးးးးးးးးးနည်းနည်းလောက်ပေးပါဦးငပိထောင်းစားချင်လွန်းလို့
Post a Comment