ငါးဥကို ရေလေးနဲ့ဖွဖွလေးဆေးပြီး ဆား၊နနွင်းခပ်ဖွဖွနယ်လိုက်ပါတယ်။
ပြီးရင် ရေသင့်တော်ရုံထည့်ပြီး ငါးဥကျက်အောင်ပြုတ်လိုက်ပါတယ်။မညှီအောင်ဂျင်းလေးပါ လှီးထည့်ပြီးပြုတ်ပါတယ်။ ကျွန်မက ငါးဥကို အကြေမချက်ဘဲ အတုံးလေးတွေတုံးပြီး
ချက်ချင်လို့ အရင်ပြုတ်လိုက်ပါတယ်။ ကြက်သွန်နီဆီသတ်ပြီး ကြက်သွန်ဖြူ၊ဂျင်း များများထပ်ထည့်ပြီးဆီသတ်ပါတယ်။ ခရမ်းချဉ်သီးကို တစ်ခြမ်းထည့်လိုက်ပါတယ်။အရောင်တင်၊ဆားထည့်ပါတယ်။ ကြက်သွန်ဖတ်လေးတွေနဲ့ ခရမ်းချဉ်သီးဖတ်လေးတွေ လိပ်လာပြီဆိုရင် ပြုတ်ထားတဲ့ငါးဥကို အတုံးလေးတွေ တုံးပြီးထည့်ပါတယ်။ မန်ကျီးရည်အနည်းငယ်ထည့်ပါတယ်။ အချိုမှုန့်အစား ကြက်သားမှုန့်အနည်းငယ်ထည့်ပါတယ်။ ရေအနည်းငယ်ထည့်ပြီး ဆီပြန်တဲ့အခါ စားသုံးနိုင်ပါပြီရှင်။နံနံပင်လေးကြက်သွန်မိတ်လေးခပ်လိုက်ရင် အနံ့ ပိုမွှေးသွားပါတယ်။ အကြောတက်တဲ့ အကျင့်ရှိသူများ အတွက်ကတော့ မသုံးဆောင်တာအကောင်းဆုံးပါဘဲရှင်။
You and Everything Else - Kdrama review
1 week ago






11 comments:
အကျောတက်လဲ စားမှာပဲ။ ဟင်းတစ်မျိုးတော့ တိုးသွားပြီ။ ငါးဥတွေ့ရင် စုဘူးလို ချက်စားမယ်ကွယ်။
ငါးဥဟင်းတအားကြိုက် ငယ်ငယ်ထဲကကြိုက် အဖွားချက်ကျွေးတာဆိုပိုလို့ကြိုက်တယ် မမစုဘူးချက်ထားတာစားချင်စရာ နေ့လည်စာအဲဒါကြည့်ပြီးစားသွားတယ် :*
ငါးဥကိုအဝါချက်ဘဲစားဘူးတာ... ဒီလိုလေးချက်စားကြည့်အုန်းမယ်...
စားချင်တယ်သိလား. ကိုယ်တိုင်မချက်ဖူးဘူး.. ငါးဥတော့တစ်ခါတစ်လေတွေ့တယ်.. မချက်တတ်လို့.. နောက်တစ်ခါတော့ စုဘူးနည်းအတိုင်းစမ်းရမယ်..း)
တက် လဲ ကြိုက်တော့ မစားဘဲ မနေနိုင်ဘူး၊စားသွားပြီ
ငါးသားလောက်ဥလား...
ကိုလူထွေးလဲ ကြိုက်တယ်...
းဝ)
ငါးသလောက်ဥကလွဲရင် ငါးဥဆိုအရမ်းကြိုက်တာပဲ။
ငတ်တဲ့သူကို ထပ်နှိပ်စက်ပြန်ပြီ စုစုဗူးဗူးရယ်
အစ်မ ဘလော့မှာက EOT မထည့်ထားလို့လားမသိဘူး ရုံးမှာ ဖွင့်ဖတ်ရင် အတုံးအတုံးတွေဘဲ မြင်ရတယ် ဒါနဲ့ ဟင်းကို ခန့်မှန်းလိုက်တာ ကြက်သားဆီပြန်ထင်လို့ ဟီးဟိ တခြားစီဘဲ .. ဟင်းပုံလေးကြည့်ရင်းနဲ့တောင်း ငါးသလောက်ဥစားချင်လာတယ် :))
ငါးဥ ကြိုက်တယ်။ ရန်ကုန်ရောက်ရင် စားရမဲ့စာရင်းထဲ
မှတ်လိုက်ပြီ။
ငါးဥအရမ်းကြိုက်..
ငါးသလောက်ဥကတော့ အကြိုက်ဆုံး
အဲဒါ ဘာငါးဥလဲဟင်..
ရှလွတ် စားချင်စရာ သူများတွေ စားသွားတော့ တို့ဖို့ရော ကျန်သေးရဲ့လား ဟားဟားးးးးးးး
Post a Comment